Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Saturday 30 June 2012

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ရဲ့ လွှမ်းမိုးနိုင်တဲ့ ဖက်ရှင်မြန်မာမိန်းကလေးတွေသာမက အမျိုးသမီးတိုင်း သူ့ကို စံနမူနာယူသင့်

 


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၃ နှစ်တာအတွင်း ပထမဆုံး ဥရောပခရီးစဉ် တလျှောက်လုံးမှာ သူရဲ့ သွားလာလုပ်ဆောင်မှု မှန်သမျှကို မြန်မာပြည်သူတွေ အပါအ၀င်၊ နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်ကြ၊ ကမ္ဘာ့မီဒီယာ၊ မြန်မာ့မီဒီယာတွေက ပုံစံမျိုးစုံနဲ့ တင်ပြကြသလို သတင်းဓာတ်ပုံတွေ ထွက်ပေါ်လာတိုင်း မြန်မာပြည်သူတွေ အထူးစိတ်ဝင်တစား ပြောဆိုဖြစ်ကြတာကတော့ သူ့ရဲ့ ၀တ်စားဆင်ယင်မှုပါပဲ။
ဥရောပကို ခရီးထွက်တယ်ဆိုပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ အနောက်တိုင်းဝတ်စုံတွေ မ၀တ်ဘဲ ပြည်တွင်းဖြစ် ရိုးရာထည်တွေကိုပဲ ၀တ်ဆင်ခဲ့တာက မြန်မာပြည်သူတွေအတွက် အားကျစရာ၊ ဂုဏ်ယူဝင့်ကြွား ပြောဆိုစရာ ခေါင်းစဉ်တခုဖြစ်ခဲ့ပါတယ်။
Facebook လူမှုကွန်ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်အကြောင်း ပြောဆိုကြတဲ့အခါ သူ့ရဲ့ ၀တ်စားဆင်ယင်မှု အကြောင်းကို အမျိုးသမီးတွေသာမက အမျိုးသားတွေကပါ စိတ်ဝင်တစား ပြောဆိုကြတာကို တွေ့ရပါတယ်။

Wednesday 27 June 2012

ဗိုလ်ချုပ်ဒေါသထွက်သောနေ့

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဇနီး ဒေါ်ခင်ကြည်တို့ အပါအ၀င် မိသားစု ဓာတ်ပုံ

ဆောင်းပါးရှင် - တက္ကသိုလ်ခင်မောင်ဇော် (ခေတ်လူငယ်များ၏ မှတ်စု ဂျာနယ်မှ ကူးယူဖေါ်ပြပါသည်) ဗိုလ်ချုပ်သည် ဘယ်ကိုမျှ မကြည့်ဘဲ စားပွဲပေါ်တွင် စာရွက်တွေတထွေးကြီးခင်းကာ စာကုန်းရေးနေသည်ကို တွေ့လိုက်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အဝတ်အစားမှာ ဗိုလ်ချုပ်နှင့် ထိုက်သင့်သော စစ်ဝတ်စုံအဟုတ်ပေ။ အစိမ်းရင့်ရောင် ရှပ်လက်တိုကို မြင်းစီးဘောင်းဘီရှည်နှင့် စစ်ဖိနပ်တစ်ရံကို စီးထားပြီး ခါးတွင်ဂျပန်ခါးပတ်ပြားကြီးကို ပတ်ထားသည်။

Tuesday 26 June 2012

အန္တရာယ်များထဲ့က ပန်းတပွင့် (သို့ ) မြန်မာအမျိုးသမီးငယ်တို့ ၏ ပြောင်းလဲသွားသောဖက်ရှင်ရေစီးကြောင်း

 
Mg Mandalay ရဲ့ ပိုစ်ဖြစ်ပါတယ် မူရင်းလင့်
(ဒီပို့ စ်က ကောင်းတာလည်းပါပါသည် မကောင်းတာလည်း ပါနေလို့ ကိုယ့်လူမျိုးတွေအတွက် သတိချပ်စရာဖြစ်စေချင်တဲံ့ ဆန္ဒပါ ....ခေတ်မှီနေသော ယနေ့ လူငယ်များအတွက်လည်း
(အားလုံးအတွက် သတိချပ် ဆေးဝါးအန္တရာယ် ဒို့ ကာကွယ် ) ကိုဆက်လက်ဖတ်မှ ပြည့်စုံမည်ထင်ပါသည် ။ ရာသီဥတု ပူလွန်းသည့် အပြင် လုပ်ကိုင်ရအဆင်ပြေရန်အတွက်ရန်ကုန်မြို့နှင့် မြို့ တော်တော်များ
အမျိုးသမီးအများဆုမှ ၂၀၀၈ ခုနှစ်ကုန်ပိုင်းမှစ၍ ခန္တာကိုအပေါ်ပိုင်းတွင် ရင်သား
ဖေါ်ဝတ်ဆင်မှုများ အ၀တ်များလာခဲ့ပြီးအောက်ပိုင်းတွင် ပေါင်လည်မရှိတရှိဘောင်း
ဘီတို သို့ မဟုတ်စကတ်များဝတ်ဆင်မှုပိုမိုများပြားလာခဲ့ကြောင်းသိရသည်။
လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးအများစုမှာလုပ်ငန်းမှ
တူညီဝတ်စုံများဝတ်လေ့ရှိကြသော်လည်း အချို့ လွတ်လပ်စွာဝတ်ခွင့် ရသည့်

Monday 11 June 2012

မြိတ်သားတဦး၏ မိုးမခထံပေးစာ၊ ဇွန် ၁၁၊ ၂၀၁၂


တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြတ်ကို ထံသို့
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုခင်ဗျား။ မြိတ်မြို့ မြို့သူမြိတ်သားများ ကိုယ်စား တင်ပြချင်ပါတယ်။ ၀န်ကြီးချုပ်က ပြည်သူတွေ အမှန်တကယ်ရွှေးချယ်ထားတဲ့ ကိုယ်စားလှယ် ဟုတ်ပါရဲ့လား။ ပြည်သူတွေရဲ့ အကျိုးအတွက် အမှန်တကယ်ဖြည့်ဆည်းပေးမဲ့သူ ဟုတ်ပါရဲ့လား။
မြိတ်မြို့ရဲ့မြို့တွင်းလမ်းတွေက အလွန်အမင်းဆိုးဝါးနေကြောင်း အင်တာနက်သတင်းများမှ တင်ပြပြီးဖြစ်သော်လည်း လမ်းများကိုလုံးဝပြုပြင်ခြင်း မရှိပါ။ ၄င်းလမ်းအပိုင်းကို ဘီအိုတီစနစ်ဖြင့် တာဝန်ယူသူမှာ ယုဇနကုမ္ပဏီမှ မြိတ်သားသူဌေး ဦးဌေးမြင့်ဖြစ်ကြောင်း သိရှိရသည်။ ရွေးကောက်ပွဲမတိုင်ခင်က လမ်းများကို မည်ကဲ့သို့ပြုပြင်ပေးမည်ဟု ကတိအမျိုးမျိုးပေးသော်လည်း လက်တွေ့မှာတော့ ဘာမှ ဘာမှ ဖြစ်မလာ
ခဲ့သေးပါ။(မိုးမခသတင်းစာမှ )

Sunday 10 June 2012

ဦးနု ပြောတဲ့ ဦးအောင်ဆန်း



(၁၉၃၄-၃၅) ပညာသင်နှစ်ထဲ ရန်ကုန် တက္ကသိုလ်မှာ ကိုအောင်ဆန်း ကို ကျွန်တော် ပထမဆုံး တွေ့ဖူးတာ။ သူက အင်တာ မီဒီယိတ် ကျောင်းသား။ ကျွန်တော် ကတော့ တက္ကသိုလ်ကို တတိယ အကြိမ် ပြန်ရောက် လာပြီး ဥပဒေတန်း တက်နေတယ်။ ခုလန်ဒန်မှာ AFPEL ကိုယ်စားလှယ် လုပ်နေတဲ့ ကိုအုန်းက ကျောင်းသား သုံးယောက်နဲ့ တွေ့ဖို့ ကျွန်တော့်ကို တိုက်တွန်းတယ်။
 ဒီသုံးယောက်က မြန်မာ့သမိုင်းမှာ ဧရာမ ပြယုဂ်ကြီးတွေ ဖြစ်လာမယ် လို့ သူက တွေ့ရှိ ထားတယ်။

ကမ္ဘာမှာ အိုင်တီနည်းပညာတွေ တိုးတက်လာတာနဲ့အမျှ မြန်မာပြည်ကလည်း နောက်ကချန်မနေဘဲ အမီလိုက်နေတာကို တွေ့နေရပါတယ်။


ကမ္ဘာမှာ အိုင်တီနည်းပညာတွေ တိုးတက်လာတာနဲ့အမျှ မြန်မာပြည်ကလည်း နောက်ကချန်မနေဘဲ အမီလိုက်နေတာကို တွေ့နေရပါတယ်။
အရင်ကဆို မြန်မာတွေဟာ ရပ်ကွက်ကြို ရပ်ကွက်ကြား၊ ဘတ်စ်ကားပေါ်နဲ့ ငါးစိမ်းတန်းလို နေရာတွေမှာပဲ အော်ဟစ်ဆဲဆို ရန်ဖြစ်ကြပေမယ့် အခုဆိုရင် အဆင့်မြင့်မြင့် အင်တာနက်ပေါ်ကနေ ဆဲကြ၊ ရန်ဖြစ်ကြတာကို ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့နေရပါပြီ။
ဒီလို ဆဲရာ၊ ရန်ဖြစ်ရာမှာလည်း အရင်လို တရပ်ကွက်လောက် ကြားရုံ ဟိုဘက်အိမ်ကနေ ဒီဘက်အိမ်၊ ဟိုဘက်လမ်းကနေ ဒီဘက်လမ်းနဲ့တင် ဖြစ်ကြတာ မဟုတ်တော့ဘဲ မြန်မာပြည်ကနေ အမေရိကန်၊ အင်္ဂလန်ကနေ စင်ကာပူ၊ မလေးရှားကနေ တောင်အာဖရိက၊ ထိုင်းနိုင်ငံကနေ ရုရှား စသည်ဖြင့် နိုင်ငံတကာလှည့်လည် ရန်ဖြစ်နေတာကို တွေ့ရတဲ့အတွက် ကမ္ဘာမှာ မြန်မာဟေ့ဆိုပြီး ဂုဏ်ယူမယ်ဆို ဂုဏ်ယူလို့ရတဲ့ အနေအထား တရပ်ဖြစ်နေပါတယ်။ ဒါဟာ ဖြစ်ပေါ်တိုးတက်လာတဲ့ နည်းပညာကို မြန်မာတွေလည်း အကျိုးရှိရှိ ပါဝင်အသုံးချနေကြတယ်လို့ ဆိုရမှာပါ။