Saturday 2 June 2012

ပဋ္ဌာန်း ၂၄ ပစ္စည်း

 ပဌာန်းပစ္စယုဒ္ဒေသပါဠိ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
၁။ ဟေတုပစ္စယော ၁၃။ ကမ္မပစ္စယော
၂။ အရမ္မဏ ပစ္စယော ၁၄။ ဝိပါကပစ္စယော
၃။ အဓိပတိပစ္စယော ၁၅။ အာဟာရပစ္စယော
၎။ အနန္တရပစ္စယော ၁၆။ ဣန္ဒြိယပစ္စယော
၅။ သမနန္တရပစ္စယော ၁၇။ ဈာနပစ္စယော
၆။ သဟဇာတပစ္စယော ၁၈။ မဂ္ဂပစ္စယော
၇။ အညမညပစ္စယော ၁၉။ သမ္ပယုတ္တပစ္စယော
၈။ နိဿယပစ္စယော ၂ဝ။ ဝိပ္ပယုတ္တပစ္စယော
၉။ ဥပနိဿယပစ္စယော ၂၁။ အတ္ထိပစ္စယော
၁ဝ။ ပုရေဇာတပစ္စယော ၂၂။ နတ္ထိပစ္စယော
၁၁။ ပစ္ဆာဇာတပစ္စယော ၂၃။ ဝိဂတပစ္စယော
၁၂။ အာသေဝနပစ္စယော ၂၄။ အဝိဂတပစ္စယောတိ။
ပစ္စယုဒ္ဒေသော နိဋ္ဌိတော။

  

ပဋ္ဌာန်း ၂၄ ပစ္စည်း ဆုတောင်း

ပဋ္ဌာန်း ၂၄ ပစ္စည်း ဆုတောင်း

ဟေတုပစ္စယော = အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား ။
အာရမ္မဏပစ္စယော = မျက်စိနှင့် နားသည် နိဗ္ဗာန်သို့မျက်မှောက်ပြုရပါစေသား။
အဓိပတိပစ္စယော = ရုပ် ၊နာမ် နှစ်ပါးကိုစောင့်ရှောက်ထိန်းသိမ်းရပါစေသား။
အနန္တရပစ္စယော = များလှစွာသောကုသိုလ်ရေးများကိုမျက်မှောက်ပြုရပါစေသား ။
သမနန္တရပစ္စယော = ရုပ် နှင့် နာမ်အတူရှိသောတရားတို့ကို မျက်မှောက်ပြုရပါစေသား ။
သဟဇာတပစ္စယော = ရုပ် - ရုပ် ခြင်း ၊ နာမ် - နာမ် ခြင်းထင်ရှားစွာသိရပါစေသား ။
အညမညပစ္စယော = ရုပ်မှ နာမ် သို့၊ နာမ် မှရုပ် သို့ ပြောင်းလဲ၍သိပါရစေသား ။
နိဿယပစ္စယော = ရုပ်နာမ် နှစ်ပါးတို့၏ တည်ရာကိုသိရပါစေသား။
ဥပနိဿယပစ္စယော = ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။
ပုရေဇာတပစ္စယော = ရှေ့ကဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။
ပစ္ဆာဇာတပစ္စယော = နောက်၌ဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှောက်ပြုရပါစေသား။
အာသေဝနပစ္စယော = လိုရာဆန္ဒမရှိအောင်ပြည့်စုံရပါစေသား။
ကမ္မပစ္စယော = ကံသုံးပါးကို ထိန်းသိမ်းရပါစေသား။
ဝိပါကပစ္စယော = ဝဋ် ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား။
အာဟာရပစ္စယော = လိုရာကို ပြည့်စုံစွာထောက်ပံ့နိုင်ရပါစေသား။
ဣန္ဒြိယပစ္စယော = ရုပ်နာမ် ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား။
ဈာနပစ္စယော = သူတော်ကောင်းတရား ၇ ပါး နှင့် ဉာဏ်စဉ် ၅ ပါးတို့နှင့်ပြည့်စုံရပါစေသား။
မဂ္ဂပစ္စယော = ဘာဝနာ ၂ ပါးအပေါင်းကို အာရုံပြု၍ အထွတ်အထိပ် ပညာကို ရပါစေသား။
သမ္ပယုတ္တ ပစ္စယော = သူတော်ကောင်းတို့နှင့် ပေါင်း၍ ( ၇ ) ဖြာသောတရားနှင့် ယှဉ်တွဲရပါစေသား။
ဝိပ္ပယုတ္တပစ္စယော = သူယုတ်မာ နှင့်ဝေး၍ အကုသိုလ်တို့ ကင်းရှင်းရပါစေသား။
အတ္ထိပစ္စယော = သမုတိနယ်၏ အသိကို ဟုတ်မှန်စွာရပါစေသား။
နတ္ထိပစ္စယော = ပရမတ္တမရှိ တရား၏အသိကိုမျက်မှောက်ပြုရပါစေသား။
ဝိဂတပစ္စယော = ရှေ့၌ပွင့်ကုန်ပြီးသော ဘုရားတို့ကို ရှိခိုးရပါစေသား။
အဝိဂတပစ္စယော = ပွင့်လတ္တံ့သော ဘုရားတို့ကို ရှိခိုးရပါစေသား။



by NwayLeL
http://holyscripts.blogspot.com/

3 comments:

  1. ဖတ်သွားတယ် ..မှတ်သွားတယ်... ရွတ်ဖတ်သွားတယ်..ကျေးဇူးတင်တယ်
    နေ့တိုင်း ဝင်လာဖြစ်တယ် ဒီဘလော့ထဲ

    ReplyDelete
  2. ဖတ်ပြီးပြီး..မှတ်ပြီးပြီးဆိုတော့..သေသေချာချာေ၇ာ ကျင့်ကြံအားထုတ်ပြီးပြီးလား....

    ReplyDelete
  3. မတရားတာတွေလုပ်၊ ကလိမ်ကကျစ်တွေပြော၊ စိတ်ထားကကောင်း၊သူများမျက်ရည်စက်လက်ကျအောင်လုပ်ပြီး ဘုရာစာတွေဖတ်လဲ ၀ဠ်ကတော့ လာမှာဘဲ၊ မြတ်စွာဘုရားတောင်ရှောင်လို့ မရတာလေ။ တကယ်လုပ်တဲ့သူတွေက မကြေညာဘူး။ စိတ်ဓါတ်လည်းမြင့်မြတ်တယ်။ 2 ယောက်လုံးကိုပြောတာနော်....
    ကိုယ်ကိုယ်လိမ်လို့ မရတာ အသေအချာဘဲ....





    ReplyDelete