Saturday 2 June 2012

ကျနော်၏ ဘုရားရှိခိုး


သြကာသ ဘုရားရှိခိုး


သြကာသ၊ သြကာသ ၊ သြကာသ ၊
ဲကာယကံ ၊ ၀စီကံ ၊ မနောကံ
သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို
ပျောက်ပါစေခြင်းအကျိုးငှာ
ပထမ ၊ ဒုတိယ ၊ တတိယ၊
တစ်ကြိမ် ၊နှစ်ကြိမ် ၊သုံးကြိမ် မြောက်အောင်
ဘုရားရတနာ ၊ တရားရတနာ ၊သံဃာရတနာ ၊
ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ်
လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင်ဘုရား ။



ကန်တော့ရသော အကျိုးအားကြောင့်
အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ရပ်ပြစ်ရှစ်ပါး ၊
ရန်သူမျိုးငါးပါး ၊ ၀ိပတ္တိတရားလေးပါး ၊ဗျဿနတရားငါးပါး တို့မှ
အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍
နိဗ္ဗာန်ချမ်းသာ တရားတောာ်မြတ်ကို ရပါလို၏ အရှင်ဘုရား။

ငါးပါးသီလတောင်းခြင်း
• အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ ။
• ဒုတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ ။
• တတိယမ္ပိ အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ ။
အာမ ဘန္တေ ပါ၏ ဘုရား ။


ဘုရား ရှိခိုးခြင်း
နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ
နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ
နမော တဿ ဘဂဝတော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ

သရဏဂုံ ဆောက်တည်ခြင်း
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဓမ္မံ သရဏံ ဂစ္ဆာမိ ။
သံဃံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။
အာမ ဘန္တေ ပါ၏ ဘုရား ။

ငါးပါးသီလ ဆောက်တည်ခြင်း
၁။ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၂။ အဒိန္နာဒါနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၃။ ကာမေသု မိစ္ဆာ စာရာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၎။ မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
၅။သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ ။
အာမ ဘန္တေ ပါ၏ ဘုရား ။


အနန္တော အနန္တ ငါးပါး ရှိခိုး

ဗုဒ္ဓ ဂုဏော အနန္တော၊
ဓမ္မ ဂုဏော အနန္တော၊
သံဃ ဂုဏော အနန္တော၊
မာတာပိတု ဂုဏော အနန္တော၊
အာစရိယ ဂုဏော အနန္တော၊
အနန္တော အနန္တ ငါးပါးကို ရှိခိုးပါ၏ ဘုရား ။

ဂုဏ်တော်ကိုးပါး 

အရဟံ ၊ သမ္မာသမ္ဗုဒ္ဓေါ ၊ ဝိဇ္ဇာစရဏသမ္ပန္နော ၊ သုဂတော ၊ လောကဝိဒူ ၊ အနုတ္တရော ပုရိသ ဓမ္မသာရတ္ထိ ၊ သတ္ထာဒေဝ မနုဿာနံ ၊ ဗုဒ္ဓေါ ၊ ဘဂဝါ ။ 

တောင်ကျွန်းသမ္ဗုဒ္ဓေ

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။
ပဉ္စဿတသဟဿာနိ၊ နမာမိ သိရသာမဟံ။
အပ္ပကာ ဝါလုကာ ဂင်္ဂါ၊ အနန္တာနိဗ္ဗုတာ ဇိနာ။
တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။
နမက္ကရာနုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။
အနေကအန္တရာရာပိ၊ ဝိနဿန္တု အသေသတော။
(ဂင်္ဂါ ၀ါလု သဲစုမက ပွင့်တော်မူပြီးကြကုန်သော မြတ်စွာ ဘုရားရှင်တို့ အား ရှိခိုး ပူဇော် ကန်တော့ ပါ၏ )

တရားဂုဏ်တော် (၆) ပါး 

သွာက္ခာတော၊ ဘဂ၀တာဓမ္မော၊ သိန္ဒိဋ္ဌိကော၊ အကာလိကော၊ 

ဧဟိပသိ၁ကော၊ သြပါနေယျိကော၊ ပစ္စတ္တံဝေဒိတဗ္ဗော၊ ၀ိညူဟိ။

 (ဂင်္ဂါ ၀ါလု သံစုမက ပွင့်တော်မူပြီး ကြကုန်သော မြတ်စွာ ဘုရားရှင်တို့ ၏ တရားတော်များ အား ရှိခိုးပူဇော် ကန်တော့ ပါ ၏)

 

သံဃာ ဂုဏ်တော် (၉) ပါး
သုပ္ပဋိပန္နော၊ ဘဂ၀တော သာဝကသံဃော၊  ဥဇုပ္ပဋိပန္နော  ဘဂ၀တော 
သာဝက သံဃော၊ ဥာယပ္ပဋိပန္နော၊ ဘဂ၀တော သာဝကသံဃော၊ သာ
မီဝိပ္ပဋိပန္နော၊ ဘဂ၀တော၊ သာဝကသံဃော၊ ယဒိဒံ စတ္တာရိ ပုရိသယုဂါ
နိ အဋ္ဌပုရိသ ပုဂ္ဂလော ဧသာဘဂ၀တော သာဝကသံဃော၊ အာဟုနေ
ယျော၊ ပါဟုနေယျော၊ ဒက္ခဏေယျော၊ အဉ္ဖလိကရဏီယော၊ အနုတ္တရံ
ပုညခေတ္တံ လောကသ၁တိ။   

(ဂင်္ဂါ ၀ါလု သဲစုမက ပွင့်တော်မူပြီး ကြကုန်သော မြတ်စွာဘုရားရှင် တို့ ၏ သံဃာ  သံဃာတော်မြတ်အပေါင်းတို့ အား ရှိခိုးပူဇော် ကုန်တော့ ပါ၏)

(ဖေဖေဦး....နှင့်မေမေဒေါ်....အဖိုး...အဖွား...တို့ နှင့်ဂင်္ဂါ ၀ါလုသံစုမက ရှေးေ၇ှး ဘ၀များစွားက ယခုထိတော်စပ်ခဲ့ သောမိဘ ဖိုးဖွားများအား ရှိခိုးပူဇော် ကန်တော့ ပါ၏)

(ဂင်္ဂါဝါလုသဲစုမက ရှေးရှေးဘ၀များစွာက ယခုထိတိုင်သော သင်ဆရာ မြင်ဆရာ ကြားဆရာအပေါ်တို့ အား ရှိခိုးပူဇော်ကန်တော့ ပါ၏)

မေတ္တာသုတ်လာ မေတ္တာပို့နည်း - ၁၁နည်း

၁။ လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၂။ ကြောက်တတ်၊ မကြောက်တတ်၊ ၂ရပ်များစွာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၃။ မြင်အပ်၊ မမြင်အပ်၊ ၂ရပ်များစွာ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၎။ ဝေးနေနီးနေ၊ ၂ထွေများစွာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၅။ ဘဝဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၆။ ရှည်တိုအလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၇။ ကြီးငယ်အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၈။ ဆူကြုံအလတ်၊ သုံးရပ်ကခန္ဓာ၊ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။

၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

မိမိဆန္ဒရှိသလို တစ်ဦးချင်း မေတ္တာဆက်ပို့ ရန်........

 

အမျှဝေရန်


ဤသို့ပြုရ၊ မြတ်ပုညကို၊ ကြီးထမြင့်ခေါင်၊ မြင်းမိုရ်တောင်ဦး၊ မကကျူးသား၊ ကျေးဇူးအရှင်၊ မွေးမိခင်နှင့် ဖခင်တို့အား၊ ရငြားပါစေ အမျှဝေ၏။

မသွေနိစ္စ၊ ဤကာယကို၊ စောင့်ထပေလတ်၊ ကိုယ်စောင့်နတ်လည်း၊ မလပ်စေရ၊ ပေးဝေငှ၏။

မိတ္တဆွေဉာ၊ ဆရာသမား၊ ဘိုးဘွားကစ၊ ယမရာဇာ၊ ဒေဝါယက္ခ၊ ဣန္ဒဘုမ္မာ၊ အာကာသနတ်၊ အထူးမှတ်၍၊ မပြတ်ပုည၊ ကုသလကို၊ ရကြပါစေ၊ အမျှဝေ၏။

သဗ္ဗေသတ္တာ၊ သတ္တဝါဟု၊ နာနာလောက၊ အနန္တတွင်၊ မပြတ်စဉ်ကာ၊ သတ္တဝါသ၊ ဘုံကိုးဝနှင့်၊ ဝိညာဏဋ္ဌိတိ၊ တည်ရှိခုနှစ်ပါး၊ များစွာလုံးစုံ၊ ဘုံသုံးဆယ့်တစ်၊ ဖြစ်ဖြစ်သမျှ၊ ဝေနေယျအား၊ အမျှကုသိုလ်၊ ပေးဝေလို၏။

ထိုကုသလ၊ ဤပုညကို၊ အမျှရကြသည်၊ ဖြစ်စေသော်ဝ်။ ဝဿုန္ဒရေ၊ ဤမြေပံသု၊ သိလာထုလည်း၊ သက်သေအမှု၊ တည်စေသော်ဝ်။

အမျှ၊ အမျှ၊ အမျှ၊ ယူတော်မူကြပါကုန်လော့။

သာဓု - သာဓု - သာဓု

1 comment: